Search This Blog

Saturday, August 17, 2013

မန်

ချစ်စု

၁၅၀၀ တန်ဖုန်း ကဒ်ပျက်လျှောက်သည့် အရေအတွက်များလာ၍ တစ်ပတ်ကြာမှ ကတ်ပြန်ရမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။      ။ ပြီးခဲ့သည့် ဧပြီလအတွင်းက ချထားပေးခဲ့သော MEC အမှတ်တံဆိပ် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ် ဖုန်းများ ကဒ်ပျောက်၊ ကဒ်ပျက်သည့် အရေအတွက်များလာ၍  ကဒ်အသစ် ပြန်လည်လျှောက်ထားရာတွင် တစ်ပတ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ စာတိုက်ကြီး၊ ဆက်သွယ်ရေး မန်နေဂျာရုံးရှိ ဖုန်းကဒ်ပျက်၊
ပျောက်မှုများကို  ကတ်အသစ်ပြန်လည်ထုတ်ပေးရန်  တာဝန်ယူထားသော ဆက်သွယ်ရေးဝန်ထမ်း တစ်ဦးက
ပြောသည်။

1500-Ks-CDMA-800-SIM-Card-3
ကျပ် ၁၅ဝဝ တန်ဖုန်းများကို တစ်လလျှင် အလုံးရေ သုံးသိန်းခွဲဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ ချထားပေးခြင်းဖြစ်သည်။ (ဓာတ်ပုံ - ဘိုဘို)

ယင်းကဒ်များကို ကဒ်ပျက် လျှောက်ထားရာတွင် ယခင်က နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်သော်လည်း ယခုလ အတွင်းတွင် ယင်းကဒ်ပျက်အတွက် လျှောက်ထားခြင်း တစ်ပတ်အတွင်း ကြာမြင့်မည်ဖြစ်သည်ဟု သိရသည်။ ယင်းအပြင် ပျက်ဆီးသွားသော ဖုန်းကတ်များကို MEC ကုမ္မဏီမှ ပြန်လည်စိစစ်သောအခါ အမှန်တကယ် ဖုန်းကဒ်မပျက်ဘဲ လျှောက်ထားခြင်းများလည်း ရှိနေသည်ဟု အဆိုပါ ဆက်သွယ်ရေး ၀န်ထမ်းက ဆိုသည်။

စာတိုက်ကြီး၊ ဆက်သွယ်ရေးမန်နေဂျာရုံးရှိ အဆိုပါ ၀န်ထမ်းက `အရင်က ဖုန်းကဒ်ပျက်တာတွေကို နေ့ချင်းပြီး ထုတ်ပေးတယ်။ ဒါပေမယ့်ခုနောက်ပိုင်းမှာ ဖုန်းကဒ်ပျက်လို့ဆိုပြီး လာလျှောက်တဲ့ သူတွေက အရမ်းများလာတယ်။ အဲဒါနဲ့ MEC ကုမ္မဏီဘက်ကနေ စစ်ဆေး ကြည့်တဲ့ အခါ အမှတ်တကယ် ဖုန်းကဒ်မပျက်ဘဲ လာလျှောက်တာတွေ
တွေ့နေရတယ်။ အဲဒါကြောင့်ဖုန်းကဒ်ပျက် လာလျှောက်တဲ့ ကဒ်တွေကို MEC ဘက်ကနေ သေချာပြန်လည် စိစစ်ပေးပြီး အမှန်တကယ်ပျက်မှ ပြန်လည်ထုတ်ပေးမယ်ဆိုပြီး စစ်ဆေးနေလို့ တစ်ပါတ်ကြာမြင့်ရတာပါ´ဟု
ပြောသည်။

လက်ရှိတွင် ကျပ် ၁၅၀၀ တန် ဖုန်းကဒ် ပျောက်ခြင်းကို  ကျပ်နှစ်သောင်းဖြင့် အသစ်ပြန်လည်လျှောက်ထားနိုင်ကာ သုံးရက်ခန့်သာ ကြာမြင့်ပြီး ဖုန်းကဒ်ပျက်မှုကိုမှု အခကြေးငွေ ပြန်လည်ကောက်ခံခြင်း မရှိဘဲ ဖုန်းကဒ်သစ်
ပြန်လည်ထုတ်ပေးနေကြောင်း သိရသည်။

MEC အမှတ်တံဆိပ် ဖုန်းကဒ်ပျောက်မှု၊ ဖုန်းကဒ်ပျက်မှုများကို ဖုန်းကဒ်သစ်ဖြင့် ပြန်လည်လှဲလှယ်ပေးရာတွင် တစ်ရက်လျှင် ဖုန်းကဒ်ပေါင်း ၁၅ ခုမှ ၂၀ ခု အထိ နေ့စဉ် ထုတ်ပေးနေရကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။

MEC CDMA ဖုန်းကဒ်ပျောက်ခြင်း ၊ပျက်ခြင်းများကို ဖုန်းကဒ်ပြန်လည်ရရှိရန် လျှောက်ထားရာတွင် ဖုန်းကဒ် ပိုင်ဆိုင်ကြောင်း စာချုပ်မရှိပါက ဖုန်းပိုင်ဆိုင်ကြောင်း ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ၊ ဖုန်းကဒ် ချိုးထားသည့် uim Card နှင့် ဖုန်းပိုင်ရှင်၏ မှတ်ပုံတင် မိတ္တူ (သို့) လာရောက် လျှောက်ထားသူ၏ မှတ်ပုံတင် မိတ္တူများ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ယင်း ၁၅၀၀ တန်ဖုန်းကဒ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဧပြီလ ၂၄ ရက်နေ့က စတင်ချထားပေးခြင်း
ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်လလျှင် အလုံးရေ ၃၅၀၀၀၀  ချထားပေးခြင်းဖြစ်သည်။

မေလအတွက် ယင်းဖုန်းကဒ်များကို မေလ ၂၀ ရက်နေ့တွင် ချထားပေးမည်ဟု တရားဝင်ပြောကြား ထားသော် လည်း အချို့ရပ်ကွက်များတွင် ချထားပေးခြင်း မရှိခဲ့ပေ။ ယင်းဖုန်းများကို တိုင်းဒေသကြီး အစိုးရများ၏ အစီအစဉ်ဖြင့် ချထားပေးခြင်းဖြစ်သည်။

ပြည်တွင်းတွင် မိုဘိုင်းဖုန်းကဒ်များကို ယခင်က ကျပ် သိန်းဆယ်ဂဏန်းဖြင့် ၀ယ်ယူရပြီး ပြီးခဲ့သည့် နှစ် အတွင်းက ကျပ်နှစ်သိန်း၊ နှစ်သိန်းခွဲတန်ဖိုးများဖြင့် ချထားပေးခဲ့ခြင်း ဖြစ်သည်။

1500တန် CDMA 800Mhz ဆင်းကဒ် စတင် အသုံးပြုနည်း

သတိပြုရန် – 450Mhz hendset အတွင်း ထည့်သွင်း မသုံးမိစေရန်။
ပထမဦးစွာ ကဒ်ချိုးပြီး 800Mhz ဟန်းဆက်အတွင်းထည့်လိုက်ပါ။ ပြီးရင် လိုင်းပေါ်လာအောင် စောင့်ပါ။ လိုင်းတက်လာပြီဆိုလျှင် မိမိနီးစပ်ရာ ဖုန်းတစ်လုံးကို ခေါ်လိုက်ပါ။ လိုင်းမဝင်သော တီတီတီ အသံကြားလျှင် ပြန်ချလိုက်ပါ။ နောက်တစ်ကြိမ် ပြန်ခေါ်ပါ။

ပြီးလျှင် ပြန်ချထားလိုက်ပြီး ခေတ္တစောင့်လိုက်ပါ။
003456 မှ အောက်ပါအတိုင်း Message ပေးပို့ပါလိမ့်မည်။
Dear 959330—–, You have been Activated. Your balance is (credit)300.00and will be expired at 2013-05-09 00:00:00.
ထို message ဝင်လာလျှင် စတင် အသုံးပြုနိုင်ပါပြီ။
ဖုန်းအတွင်း ပါဝင်သော ၃၀၀ကျပ်မကုန်မီ ၅၀၀၀တန် ငွေဖြည့်ကဒ်ကို ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။
ငွေဖြည့်ရန် code မှာ
*124*ခဲခြစ်နံပတ် ၁၈လုံး#
ဖြစ်သည်။ ငွေလက်ကျန် မေးရန်မှာ *123 ဖြစ်သည်။
အဆိုပါ ၁၅၀၀တန် ဆင်းကဒ် ပျောက်ဆုံး ပျက်စီးမှုရှိပါက သက်ဆိုင်ရာ
 ဖုန်းမန်နေဂျာရုံးသို့ ဆက်သွယ်ပြီး အခမဲ့ ပြန်လည်လျှောက်ထားနိုင်သည်ဟု ကြေညာထားပါသည်။အဝင်ခေါ်ဆိုမှုအတွက်
 ပေးဆောင်ရန်မလိုဘဲ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၅၀ ကျပ်သာ ကျသင့်မည် ဖြစ်ပြီး အင်တာနက် သုံးစွဲမှုအတွက် တစ်မိနစ်လျှင် ၄ကျပ်ကုန်ကျမည် ဖြစ်ပြီး မကြာမီကာလတွင် အင်တာနက်လျှောက်ထားနိုင်မည်ဟု သိရှိရပါသည်။

1500 တန်ဖုန်း internet setting

1500 တန်ဖုန်း internet setting